လူကုန်ကူးခံရသည့် နီပေါနိုင်ငံသားများအားရှာဖွေကယ်ဆယ်ပြီး နေရပ်သို့ပြန်လည်စေလွှတ်ပေးနိုင်ရန် ကူညီပံ့ပိုးပေးနိုင်ရေးအတွက်ဆွေးနွေး

0
321

လူကုန်ကူးခံရသည့် နီပေါနိုင်ငံသားများအားရှာဖွေကယ်ဆယ်ပြီး နေရပ်သို့ပြန်လည်စေလွှတ်ပေးနိုင်ရန် ကူညီပံ့ပိုးပေးနိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်နှင့်မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Harishchandra Ghimire တို့ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်မှ နီပေါသံအမတ်ကြီး Mr. Harishchandra Ghimire အား စက်တင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီက နေပြည်တော် ၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံရင်းနှီးချစ်ကြည်စွာဆက်ဆံဆောင်ရွက်ခဲ့မှု၊နှစ်နိုင်ငံပြည်သူများ အပြန်အလှန် ကူးလူးဆက်သွယ်လာရောက်လည်ပတ်နိုင်ရေးနှင့်လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် လူကုန်ကူးခံရသည့် နီပေါနိုင်ငံသားများအား ရှာဖွေကယ်ဆယ်ရေးနှင့်နေရပ်သို့ပြန်လည်စေလွှတ်ပေးနိုင်ရေးအတွက် ကူညီပံ့ပိုးပေးနိုင်ရေး၊မြန်မာနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် နီပေါနိုင်ငံသားများ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ လိုအပ်သည်များရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here