မိုင်းဖြတ်မြို့နယ်တွင် ဆိုင်ကယ်နှင့် ကားတိုက်မိ၍ ဆိုင်ကယ်မောင်းနှင်သူ သေဆုံးခဲ့ပြီး အဘွားအိုတစ်ဦးဒဏ်ရာရ

0
202

ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်တွင် စက်တင်ဘာ (၁၃) ရက် နံနက်ပိုင်းက ဆိုင်ကယ်နှင့် အိမ်စီးကားတိုက်မိ၍ ဆိုင်ကယ်မောင်းနှင်လာသူ သေဆုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ နံနက် (၁၁) နာရီခွဲကျော်ခန့်က မိုင်းဖြတ်မြို့နယ်၊တာချီလိတ်မြို့ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ ဦးအားဂျွန် (၄၅) နှစ်မောင်းနှင်ကာ ဒေါ်မီးနောင် (၆၁)နှစ်လိုက်လာသည့် ဆိုင်ကယ်နှင့် ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် Alphard ကားတို့ ဆိုင်းလေကျေးရွာနှင့် ဆွတ်ပလောင်း ကျေးရွာကြား၌ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားနဲ့ ဆိုင်ကယ်တိုက်မိတယ်။ သတင်းရလို့ သွားပြီးကူညီပေးခဲ့တယ်။ ဆိုင်ကယ်မောင်းတဲ့ လူက နောင်ဟွယ်ရွာမှာနေတယ်။ နောက်ကထိုင်စီးလာတဲ့ အဘွားက ပန်ကုလားရွာမှာနေတယ်။ ဆိုင်ကယ်မောင်းတဲ့ လူကတော့ အခင်း ဖြစ်နေရာမှာပဲ သေဆုံးသွားတယ်။ အဘွားကတော့ မစိုးရိမ်ရ ဒဏ်ရာတွေ ရသွားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား လူမှုကူညီရေးအသင်းဝင်များက မိုင်းဖြတ်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here