ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်အာဆီယံလေတပ်ဦးစီးချုပ်များ သီးခြားစီတွေ့ဆုံဆွေးနွေး

0
295

ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်အာဆီယံလေတပ်ဦးစီးချုပ်များ စက်တင်ဘာ ၁၂ ရက်ညနေပိုင်းက နေပြည်တော်၌ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ကာကွယ်ရေးဦးစီးချုပ်(လေ ဗိုလ်ချုပ်ကြီးထွန်းအောင်က မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ဒုတိယအကြိမ်လက်ခံကျင်းပသည့် (၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးတက်ရောက်လာသည့် ဘရူနိုင်း၊ကမ္ဘောဒီးယား၊လာအို၊ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များအား သီးခြားစီလက်ခံတွေ့ဆုံခဲ့ကာ အာဆီယံလေတပ်ဖွဲ့များကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍​ဆွေး​နွေးခဲ့သည်။

တွေ့ဆုံစဥ် အာဆီယံလေတပ်ဖွဲ့များကြား ချစ်ကြည်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ လေတပ်ဦးစီးချုပ်များမှလည်း သီးခြားတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

(၂၀)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးသို့ ဘရူနိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ၊ ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen. Soeung Samnang ၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot နှင့်ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien တို့တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here