နန်နင်းပွဲတွင် မြန်မာ့ မွေး/ရေ ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ရေးဆိုင်ရာ SPS သဘောတူစာချုပ်များချုပ်ဆိုမည်

0
188

မြန်မာနိုင်ငံ၏ မြန်မာ့သဘာဝရေပြင်မှ ဖမ်းဆီးရရှိသည့် ရေထွက်ကုန်ပစ္စည်းနှင့် မွေးမြူရေး ရေထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့တင်ပို့ရေးဆိုင်ရာ SPS သဘောတူစာချုပ်များ ချုပ်ဆိုသွားရန် ရှိနေကြောင်း သိရသည်။

အဆိုပါ စာချုပ်များအား တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် ကျင်းပမည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု(Belt and Road Initiative – BRI)တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု ညီလာခံနှင့်တရုတ်- အာဆီယံ ကုန်စည်ပြပွဲတို့၌ လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။

ယင်း ညီလာခံနှင့် ကုန်စည်ပြပွဲတို့သို့ တက်ရောက်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် စက်တင်ဘာ (၁၃) ရက်က ရန်ကုန်လေဆိပ်မှတဆင့် တရုတ်နိုင်ငံသို့လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု (Belt and Road Initiative – BRI) တွင် ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့် ပို့ကုန် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံနှင့် တရုတ်- အာဆီယံ ကုန်စည်ပြပွဲတို့အား နန်နင်းမြို့တွင် စက်တင်ဘာ (၁၄) ရက်မှ (၁၇) ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here