မလေးရှားနိုင်ငံရှိ ဘတ်စ်ကားမှတ်တိုင်တွင် ချော်လဲကျကာ သေဆုံးသွားသူ၏ မိသားစုဝင်များနှင့် အဆက်အသွယ်မရသဖြင့် စက်တင်ဘာ (၁၇) ရက်တွင် သဂြိုလ်မည်

0
201

မလေးရှားနိုင်ငံ၊ စလန်းကောပြည်နယ်၊ စမုံညှင်းမြို့နယ်၊ စမုံညှင်းစင်ထရယ်အနီးရှိ ဘတ်စ်ကားမှတ်တိုင်တွင် သြဂုတ် (၂၅) ရက်က မြန်မာနိုင်ငံသား ကိုမြင့်ကျော်(၂၃)နှစ်ခန့်သည် ချော်လဲရာမှသေဆုံးသွားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

အခင်းဖြစ်ချိန်က ကိုမြင့်ကျော်သည် အရက်အမူးလွန်ကာချော်လဲသွားခဲ့ခြင်းဖြစ်ပြီး ယင်းနေရာ၌ပင်သေဆုံးသွားခဲ့သဖြင့် တာဝန်ရှိသူများ၏ စစ်ဆေးမှုပြီးချိန်တွင်ဆေးရုံရှိ ရေခဲတိုက်သို့ ပို့ဆောင်ထားခဲ့ကြပြီး မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိရန် စုံစမ်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ စုံစမ်းခဲ့သော်လည်း ရက် (၂၀) နီးပါးခန့်ကြာသည်အထိ သေဆုံးသူ ကိုမြင့်ကျော်နှင့် ပတ်သက်သည့် မိသားစုဝင်များ၊ မိတ်ဆွေများနှင့် အဆက်အသွယ်မရသဖြင့် သက်ဆိုင်ရာဌာနမှ ရုပ်အလောင်းအား သဂြိုလ်ပေးရန် မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြကြောင်း သိရသည်။

ထိုသို့ အကူအညီတောင်းခံလာသည့်အတွက် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ကိုမြင့်ကျော်၏ ရုပ်အလောင်းအား စက်တင်ဘာ (၁၇) ရက်တွင် သဂြိုလ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here