ရွှေဘိုမြို့တွင် သံဃာတော်များနှင့် ဒေသခံတို့ကို နယ်လှည့်အထူးဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေး

0
250

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြိုပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံ (၇၂၀) ဦးတို့ကို နယ်လှည့် အထူးဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်ပေးရာ၌ ဆေးကုသမှု ဆိုင်ရာရောဂါ (၁၇၉) ဦး၊ ခွဲစိတ်ရောဂါ (၅၅) ဦး၊ ကလေးရောဂါ (၅၃) ဦး၊ သားဖွားမီးယပ်ရောဂါ (၂၈) ဦး၊ အရိုးရောဂါ (၉၈) ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ (၃၃) ဦး၊ မျက်စိရောဂါ (၂၃၀) ဦးနှင့် သွားရောဂါ (၄၄) ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်းတို့အနက်မှ အထွေထွေ ခွဲစိတ်လူနာ (၈) ဦးနှင့် မျက်စိခွဲစိတ်လူနာ (၄) ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသပေးခဲ့ရပြီး ဓာတ်မှန်ရိုက်လူနာ (၅၉) ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ (၆၆) ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ(၆၈)ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ (၆၉) ဦးတို့ကို ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ဆေး ထပ်‌ဆောင်းထိုးနှံရန် လိုအပ်သူများကို ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြိုနယ်ဦးစီးမှူးရုံးမှ Biometric အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here