MNL 2 ချန်ပီယံ သစ္စာအားမာန် အသင်းနှင့် တက္ကသိုလ်လက်ရွေးစင် အသင်းတို့ မြန်မာနေရှင်လိဂ်သို့ တန်းတက်ခွင့်ရရှိ

0
413

၂၀၂၃ မြန်မာနေရှင်နယ်လိဂ် (၂) အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးချိန်တွင် ချန်ပီယံ သစ္စာအားမာန် အသင်းနှင့် တက္ကသိုလ်လက်ရွေးစင်အသင်းတို့ မြန်မာနေရှင်လိဂ်သို့ တန်းတက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၂၄ ဘောလုံးရာသီတွင် သစ္စာအားမာန် အသင်းနှင့် တက္ကသိုလ်လက်ရွေးစင်အသင်းတို့သည် မြန်မာနေရှင်လိဂ် ပထမတန်းအဆင့်တွင် ကစားရတော့မည်ဖြစ်သည်။

ချန်ပီယံ သစ္စာအားမာန် အသင်းမှာ ယခုနှစ် ၂၀၂၃ ဘောလုံးရာသီမှ အသင်းသစ်တစ်သင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သော်လည်း ရာသီကုန်ချိန်တွင် ချန်ပီယံအဖြစ် ဗိုလ်စွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူပင် ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် တက္ကသိုလ် လက်ရွေးစင်အသင်း အနေဖြင့်လည်း ကစားသမားမျိုးဆက်သစ်များ အကောင်းဆုံး ဖြည့်တင်းကာ ခြေစွမ်းပြယှဉ်ပြိုင်နိုင်ခဲ့ပြီး ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသော်လည်း တန်းတက်ခွင့် တစ်နေရာကို ဆုပ်ကိုင်နိုင်ခဲ့သည်။

တန်းတက်ခွင့်ရသည့် အသင်းများ ပေါ်ထွက်ခဲ့ပြီဖြစ်သလို လိဂ် (၂) အတွေ့အကြုံရင့် မောရဝတီအသင်းနှင့် အသင်းသစ် Golden Grit တို့သည်လည်း လာမည့် ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် Amateur League ပြိုင်ပွဲသို့ တန်းဆင်းယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

Photo – MNL2


LEAVE A REPLY

Please enter your comment!
Please enter your name here