ပို့ကုန်/သွင်းကုန် လိုင်စင်ကြန့်ကြာမှုကြောင့် မြဝတီနယ်စပ်ကုန်သွယ်မှု လျော့ကျနေ

0
259

မြန်မာ – ထိုင်းနယ်စပ် ကုန်သွယ်ရေးတွင် ၉၀ ရာခိုင်နှုန်းနီးပါး ကုန်သွယ်မှုပြုလုပ်နေသည့် မြဝတီကုန်သွယ်ရေးဇုန်တွင် ပို့ကုန်/သွင်းကုန် လိုင်စင်ကြန့်ကြာမှုကြောင့် ကုန်သွယ်မှု လျော့ကျနေကြောင်း နယ်စပ်ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

“အခုကတော့ ပုံမှန်အတိုင်းလေးပဲ သွားနေတယ်။ လမ်းပိတ်တော့ နည်းနည်းလေးတော့ ကြာတာပေါ့။ ကုန်သွယ်မှုက ပုံမှန်အတိုင်းလေးပဲ သွားနေတယ်ဆိုပေမယ့် တစ်ကယ်တမ်း trade volume အရကြည့်ရင် လျော့နေတယ်။ တခြားနယ်စပ်ဂိတ်တွေလိုပဲ လိုင်စင်က ကြန့်ကြာနေတာ။ အဲဒါတွေကြောင့်လည်းပါတယ်”ဟု သွင်းကုန်လုပ်ငန်းရှင် မဇင်မီက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်၏ (၅)လတာ ကာလအတွင်း မြန်မာ – ထိုင်းနယ်စပ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရရှိထားပြီး ယမန်နှစ်ထက် သန်း ၂၀၀ နီးပါးပိုမိုရရှိခဲ့ကြောင်း  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းအချက်အလက်များအရ သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှ ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ အားလူး၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သည့် ငါး၊ ပုဇွန်၊ ဂဏန်းတို့ကို အဓိကတင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၁ ဒသမ ၆၇ ဘီလီယံ ရရှိထားကြောင်း သိရသည်။

ထို့ပြင် ထိုင်းနိုင်ငံမှ CMP အထည်အလိပ်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးနှင့် စက်ရုံသုံး ကုန်ကြမ်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကုန်ပစ္စည်း၊ စက်နှင့် စက်အပိုပစ္စည်း၊ စားသောက်ကုန် အစရှိသည်တို့ကို အများဆုံး တင်သွင်းနေပြီးအဆိုပါ သွင်းကုန်တင်သွင်းမှု ပမာဏမှာ ကန်ဒေါ်လာ ၇၁၈ ဒသမ ၁၀၂ သန်းရှိကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here