Monday, March 31, 2025

UMFCCI က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ...

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်သည် ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးပါဝင်ဆောင်ရွက်နိုင်ရန် UMFCCI Earthquake Relief and Rehabilitation Task Force ကို...

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မလေးရှားနိုင်ငံမှ...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၌ ငလျင်ဒဏ်ကြောင့် အဆောက်အဦးများပြိုကျပျက်စီးပြီး ပိမိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ထိုသို့...

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့

အလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ထံမှ သိရသည်။ " စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးပေါ်က ဘုန်း ကြီးကျောင်း၊ သီလရှင်ခကျောင်းပေါင်း(၂၀၀၀)...

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန်...

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်ကို တစ်နိုင်ငံလုံးအတိုင်းအတာလှုပ်ရှားမှုအဖြစ် မနက်ဖြန် ဧပြီ ၁ ရက်မွန်းတည့် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်တွင်ပြုလုပ်သွားမည်ဟု...
HomeNewsLocal NewsINGO/ NGO များ...

INGO/ NGO များ မဖြစ်မနေ မှတ်ပုံတင်လျှောက်ရန် လိုအပ်

မြန်မာနိုင်ငံအတွင်း အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်နေသည့် NGO နှင့် INGO အဖွဲ့အစည်းများအနေဖြင့် မှတ်ပုံတင်လျှောက်ထားရာတွင် အစိုးရဌာနဆိုင်ရာ၏ ထောက်ခံချက် ရယူရမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားလိုက်သည်။

ယနေ့ စက်တင်ဘာ (၁၄) ရက် နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် NGO/INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲသို့ တက်ရောက်၍ အမှာစကားပြောကြားစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံဖြိုးဆဲနိုင်ငံဖြစ်၍ ကျေးလက်ဒေသများ၊ နယ်စပ်ဒေသများ၊ ဝေးလံခေါင်သီသော ဒေသများ၏ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် INGO နှင့် NGO ကဲ့သို့သော အသင်းအဖွဲ့များ၏ အားကိုရယူနေရကြောင်းလည်း ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ပြောသည်။

အသင်းအဖွဲ့များအနေဖြင့်လည်း ဥပဒေနှင့်အညီ အကူအညီပေးနိုင်ရန် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပြီး မှတ်ပုံတင်လျှောက်ထားရာတွင် အစိုးရဌာန အဖွဲ့အစည်းများ၏ ထောက်ခံချက်များရယူရန်လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် သက်ဆိုင်ရာဌာနများအနေဖြင့် ဌာနအဖွဲ့အစည်း၏ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ပြီး မြန်ဆန်စွာဆောင်ရွက်ပေးရမည်ဟုလည်း မှာကြားခဲ့သည်။

မြန်မာနိုင်ငံရှိ အသင်းအဖွဲ့များ၏ အကူအညီပေးရေးလုပ်ငန်းများဆောင်ရွက်မှုအပေါ် အကဲဖြတ်သတ်မှတ်သည့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့၏ နိုင်ငံအချင်းချင်း အပြန်အလှန် အကဲဖြတ်မှုအစီရင်ခံစာအရ ပရဟိတအဖွဲ့အစည်းများသည် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့ရာ၌ အသုံးချခံရနိုင်ခြေများ၍ ငွေ ကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ စံနှုန်းများကို လိုက်နာဆောင်ရွက်မှု အားနည်းသည်ဟု သတ်မှတ်ခံထားရကြောင်းလည်း ဝန်ကြီးက ထည့်သွင်း ပြောကြားသွားသည်။

အဆိုပါ အခြေအနေမျိုးရှိနေသည့်အတွက်  INGO/ NGO များကို အသုံးချကာ တရားမဝင်ကိစ္စများအတွက် ထောက်ပံ့မှုများ မဖြစ်စေရန်လိုအပ်ပြီး INGO နှင့် NGO များအနေဖြင့်လည်း အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

UMFCCI က ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးနိုင်ရန် Task Force တစ်ခုဖွဲ့စည်း

မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ်သည် ငလျင်ဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးပါဝင်ဆောင်ရွက်နိုင်ရန် UMFCCI Earthquake Relief and Rehabilitation Task Force ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ ကုန်သည်စက်မှုအသင်းချုပ် ညီနောင်နှင့် မိတ်ဖက်အသင်းများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကူညီကယ်ဆယ်ရေးများ ပြုလုပ်လျက်ရှိရာမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှု များပြားခဲ့ရသည့် ဒေသများ၌ ဒေသအခြေစိုက် အဖွဲ့အစည်းများသို့ ဆက်သွယ်၍ လိုအပ်သည့် အကူအညီပေးခြင်းကို တတ်စွမ်းသရွေ့ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အသိပေးထားသည်။ ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် မတ်လ ၂၉...

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့၌ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်နေ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၌ ငလျင်ဒဏ်ကြောင့် အဆောက်အဦးများပြိုကျပျက်စီးပြီး ပိမိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဒေသခံမီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက မလေးရှားနိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ ယနေ့ မတ် ၃၁ ရက်တွင် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ သုတဇေယျာ သီ လရှင်ကျောင်း၊ ရွှေမင်းဝံ(၁)လမ်းတွင် စစ်ကိုင်းမြို့ နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ရာ ည ၇ နာရီ ၁၀ မိနစ်တွင် ရှာဖွေတွေ့ရှိခဲ့သဖြင့် သယ်ထုတ်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြတ်ကိုယ်ပိုင်ကျောင်းအဆောက်အဦပြိုကျပျက်စီးရာမှ ပိမိနေသူများအား စစ်ကိုင်းမြို့နယ်မီး...

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့

အလွန်ပြင်းထန်စွာလှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတိုင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းပေါင်း(၂)ထောင်ကျော်အလုံးစုံပျက်စီးဆုံးရှုံးခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ(IBEC)ထံမှ သိရသည်။ " စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုးပေါ်က ဘုန်း ကြီးကျောင်း၊ သီလရှင်ခကျောင်းပေါင်း(၂၀၀၀) ကျော်လုံးဝပျက်စီးခဲ့ရတဲ့အတွက် မြတ်ဗုဒ္ဓသာသနာတော်အတွက် ကြီးမားသောပျက်စီးဆုံးရှုံးမှုကြီးဖြစ်ခဲ့ရပါတယ်။ အခုလို ပျက်စီးဆုံးရှုံးမှုတွေအတွက်လည်း အရေးပေါ်ကူညီကယ်ဆယ်ရေးနဲ့ပြန်လည် ထူထောင်ရေးလုပ်ငန်းစဥ်တွေကို IBEC ကူညီကယ်ဆယ်ရေးစင်တာက အင်တိုက်အားတိုက်ဆောင်ရွက်နေပါတယ်"ဟု IBEC ဆရာတော်က မိန့်ကြားထား သည်။ ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း၌ ပြိုကျနေသည့်အ ဆောက်အဦးများအတွင်း ပိမိ‌ေ-သဆုံးနေသူများနှင့် ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ကူညီမှုများပြုလုပ်ရန်ရောက်ရှိနေသည့် မလေးရှားနိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်များအား IBEC ဆရာတော် ၏ လမ်းညွှန်မှုဖြင့် IBEC...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071