မင်္ဂလာဒုံ အမှတ်(၃)လမ်းမကြီးပေါ်တွင် Taxi တစ်စီး အင်ဂျင်ခန်းမှတဆင့်မီးလောင်ကျွမ်းမှုဖြစ်

0
191

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)လမ်းမကြီးပေါ်တွင် စက်တင်ဘာ ၁၄ ရက်(ယနေ့)ည ၆ နာရီ ၅၅ မိနစ်ခန့်က Taxi တစ်စီး မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။

” Taxi က ဂတ်စ်ကားပါ ကားအင်ဂျင်ခန်းကနေစလောင်တာပါ အိုးအိပ်ထိပ်လမ်းလယ်ပေါ်မှာ မီး လောင်ချိန်ကလည်းခနလေးပါပဲ စပြီးလောင်တော့ ပတ်ဝန်းကျင်ကလူတွေက မီးသတ်ဆေးဗူးတွေနဲ့ဝိုင်းငြှိမ်းပေးထားပါတယ် ထိခိုက်သူမရှိပါဘူး”ဟု ကူညီငြှိမ်းသတ်ပေးခဲ့သည့် လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

Taxi မီးလောင်မှုအား မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ပုလဲအရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၆ နာရီ ၅၈ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here