ပဲခူးတိုင်းသို့ စက်တင်ဘာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ (၉.၄) သန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ် (၂၂၀.၅) သန်း တိုးတက်ဝင်ရောက်

0
240

ယခုစက်တင်ဘာလတွင် ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၂) ခုမှ အမေရိကန် ဒေါ်လာ (၉. ၄) သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု(၁)ခုမှ ကျပ် (၂၂ ၀.၅)သန်းနှင့် အလုပ်အကိုင်အခွင့်အလမ်း(၈၈၅)ဦး တိုးတက်ရရှိခဲ့ကြောင်း တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီမှ သိရသည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၁၃)ရက် မွန်းလွဲပိုင်းက ပြုလုပ်သည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) မှ ရရှိသည့် စာရင်းအချက်အလက်များအရ သိရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအထိ ပဲခူးတိုင်းအတွင်း ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ (၁၈၈.၄၉ ၅)သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ကျပ် (၇၅၄ ၅၆.၂၇၅) သန်းရှိခဲ့ပြီး အလုပ် အကိုင် အခွင့်အလမ်း (၉၄၅၁) ဦး ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။

ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အခြေခံပြီး သွင်းကုန်အစားထိုး ထုတ်လုပ်ခြင်းနှင့် ပို့ကုန်တိုးမြှင့်နိုင်ရေး MSMEs ကုန်ထုတ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရေးကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ယမန်နေ့က ကျင်းပသည့် အစည်းဝေးတွင် ပြောသည်။

ထို့အပြင် တိုင်းဒေသကြီးအတွင်း လယ်ယာသုံးစက်ကိရိယာများ ထုတ်လုပ်သည့် လုပ်ငန်းများနှင့် မြေဩဇာထုတ်လုပ်သည့် လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများပြားစွာရရှိမည့် CMP လုပ်ငန်းများ ရင်းနှီးမြှုပ်နှံ နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။

နိုင်ငံခြားငွေဖြင့် ဝယ်ယူနေရသည့် စက်မှု/တည်ဆောက်ရေးလုပ်ငန်းသုံး ပစ္စည်းများ ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးပေးမည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ကြိုဆိုလျက်ရှိပြီးရှိပြီးသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား ခိုင်မာစွာရပ်တည်နိုင်ရေးနှင့် လုပ်ငန်းတိုးချဲ့နိုင်ရေး ဥပဒေနှင့်အညီ ကူညီပံ့ပိုးဆောင်ရွက်ပေးရန် လိုအပ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here