Miss Universe Myanmar 2023 ၏ Winner အဖြစ် ကျိုင်းတုံကိုယ်စားပြုအလှမယ် “အမရာဘို”ရရှိ

0
1285

ယနေ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ( ၁၄ ) ရက်တွင် ရန်ကုန်မြို့ရှိ Novotel Yangon ၌ ကျင်းပပြုလုပ်သည့် Miss Universe Myanmar 2023 Grand Final ပြိုင်ပွဲကြီးတွင် Winner ဆုကြီးကို ကျိုင်းတုံမြို့ ကိုယ်စားပြုအလှမယ် ” အမရာဘို ” မှ ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့သည်။

အလှမယ် “အမရာဘို” သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း အယ်လ်ဆာဗေးဒေါ နိုင်ငံ၌ နိုင်ငံပေါင်း( ၈၀ )ကျော်ဖြင့် ကျင်းပပြုလုပ်မည့် ( ၇၂ ) ကြိမ်မြောက် Miss Universe 2023 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဥ်ပြိုင်သွားမည် ဖြစ်သည်။

ထို့အပြင် Miss Universe Myanmar 2023 ၏ 1st Runner Up ကို မော်လမြိုင် ကိုယ်စားပြု အလှမယ် “ဒီး” ၊ 2nd Runner Up ကို ဗန်းမော် ကိုယ်စားပြု အလှမယ် “ခေမာ” ၊ 3nd Runner Up ကို တာချီလိတ် ကိုယ်စားပြု အလှမယ် ” နန်းနန္ဒာလင်း” ၊ 4th Runner Up ဆုကို ပုသိမ် ကိုယ်စားပြု အလှမယ် “နိုနိုမေ”၊ 5th Runner Up ဆုကို ပြင်ဦးလွင် ကိုယ်စားပြု အလှမယ် “သင်းစန္ဒာပြည့်သီဟအောင်” တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here