ဒဂုံတောင် အောင်မြင့်မို့ရ်အိမ်ယာရှိ တိုက်ခန်းတစ်ခန်း၌ မီးလောင်မှုဖြစ်ပွား

0
397

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်၊ (၁၄၄) ရပ်ကွက်၊ အောင်မြင့်မိုရ် အိမ်ယာဝင်းအတွင်းရှိ တိုက်ခန်းတစ်ခန်းတွင် ယနေ့ စက်တင်ဘာ (၁၅) ရက် နံနက် (၁၁) နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“မီးလောင်ချိန် ၁၀ မိနစ်လောက်ပဲရှိပါတယ်။ ဖြစ်စဥ်ကိုတော့ မီးသတ်က အသေးစိတ်စစ်ဆေးတာဖြစ်တဲ့ အတွက် သူတို့ကပိုပြီး အတိအကျသိပါလိမ့်မယ်။ ကျွန်တော်တို့က လိုအပ်တဲ့ အခြေအနေကို ကူညီပေးတာဖြစ်တဲ့အတွက် မီးငြိမ်းသွားတာနဲ့ ပြန်လာခဲ့တာပါ။ ထိခိုက်သူမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

မီးလောင်မှုအား ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်မီးသတ်စခန်း၊ (၇၀) နယ်မြေ မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေး အသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြ၍ နံနက် ၁၁ နာရီ ၄၀ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here