ဖားကန့်တွင် ဆိုင်ကယ်ပစ္စည်းနှင့် ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ပစ်ခတ်ခံရ၍ ဒဏ်ရာရ

0
394

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မှော်ဝန်းရပ်ကွက်ရှိ “ဧရာမြင့်မိုရ်” ဆိုင်ကယ်ပစ္စည်းနှင့် ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်ပိုင်ရှင် ဦးညီညီလွင်(၄၀)နှစ်ကျော်ခန့်သည် ယနေ့စက်တင်ဘာ (၁၅) ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့နံနက် (၁၀) နာရီကျော်ခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား (၂) ဦးမှ နေအိမ်သို့ ကားဖြင့် ပြန်လာသည့် “ဧရာမြင့်မိုရ်” ဆိုင်ကယ်ပစ္စည်းနှင့်ဆိုင်ကယ်အရောင်းဆိုင်ပိုင်ရှင် ဦးညီညီလွင်အား အေးစေတီလမ်းဆုံ၌ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးညီညီလွင်တွင် ကျည်ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ဖားကန့်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here