YBS ယာဉ်လိုင်းများ အများပိုင်ကုမ္ပဏီ တည်ထောင်ရန် DICA နှင့် ဆွေးနွေးနေ

0
257

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများ အများပိုင် ကုမ္ပဏီတည်ထောင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာန (DICA) နှင့်ဆွေးနေကြောင်း YRTC မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဥ်လိုင်းများအနက် တစ်ဦးတည်းပိုင် YBS ယာဉ်လိုင်းများကို အများပိုင်ကုမ္ပဏီ အောက်သို့ ပြောင်းလဲဝင်ရောက်ရန် အသိပေးထားသော်လည်း အချို့ယာဉ်လိုင်းများသည် ပြောင်းလဲပြေးဆွဲခြင်းမရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဥပဒေအရ ပြီးပြည့်စုံသည့် ကုမ္ပဏီ ဖြစ်စေရန်အတွက် အများပိုင်ကုမ္ပဏီ တည်ထောင်ခြင်းနှင့် ပတ်သက်ပြီး YBS ယာဉ်လိုင်းများနှင့် ဆွေးနွေးနေခြင်းဖြစ်သည်။

လက်ရှိ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် တစ်ဦးချင်းပိုင် YBS ယာဥ်လိုင်းအများစုသည် လမ်းပြောင်း ပြန်မောင်းခြင်း၊ ကားချင်းပြိုင်မောင်းခြင်း၊ လုမောင်းခြင်း၊ ကျော်တက်ခြင်းများ ပြုလုပ်သည့်အပြင် ယာဥ်အကူထားရှိကာ ယာဉ်စီးခကောက်ခံခြင်းကိုပါ ပြုလုပ်ကြောင်း သိရသည်။

လက်ရှိတွင် YBS ယာဥ်လိုင်းများထဲမှ တစ်ဦးချင်းပိုင်ယာဥ် အစီးရေ ၁၀၀၀ နီးပါး ကျန်ရှိနေသေးကြောင်း YRTA ၏ စာရင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here