ကျူနာငါးမျှားတန်း ငါးဖမ်းလုပ်ငန်းအတွက် အဆိုပြုလွှာခေါ်ယူထား

0
264

မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်၊ မြန်မာ့ရေပိုင်နက်မျဉ်း၏ အပြင်ဘက် သီးသန့်စီးပွားရေးဇုန်အတွင်း ကျူနာငါးမျှားတန်း ငါးဖမ်းလုပ်ငန်းအတွက် အဆိုပြုလွှာခေါ်ယူထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

နိုင်ငံခြားငါးဖမ်း ရေယာဉ်များအား ကျူနာငါးမျှားတန်းစနစ်ဖြင့် ဖမ်းဆီးခြင်းကို မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများ၏ တာဝန်ယူမှုဖြင့် သတ်မှတ်ထားသော ကျူနာငါးမျှားတန်းစနစ်ဖြင့် ငါးဖမ်းဆီးခွင့်ပြုခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်စာချုပ်နှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြား ကျူနာငါးမျှားတန်း ငါးဖမ်းရေယာဉ်များဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုသော နိုင်ငံသားပိုင်ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလုပ်ကိုင်ခွင့်အဆိုပြုလွှာများကို အောက်တိုဘာလ (၂၈)ရက် နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

အဆိုပါ လျှောက်လွှာများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရုံးအမှတ်(၃၆)၊ ပဏ္ဏိတလမ်း၊ နေပြည်တော်တွင် လျှောက် ထားရမည်ဖြစ်ပြီး ဖုန်း၊ ၀၆၇-၄၁၈၅၃၀၊ ၀၆၇-၄၀၈၄၇၇ သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here