Boeing 737-400 လေယာဉ်အမျိုးအစား Cargo လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ

0
328

မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လေကြောင်းခရီးစဉ်များတွင် အသုံးပြုပျံသန်းပြေးဆွဲသွားမည့် Boeing 737-400 လေယာဉ်အမျိုးအစား Cargo လေယာဉ်သည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့တွင် ရောက်ရှိခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်းမှ ထုတ်ပြန်ထားသည်။

နိုင်ငံတော်ပိုင် လေကြောင်းလိုင်းဖြစ်သော မြန်မာအမျိုးသားလေကြောင်းမှ ယနေ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ Boeing 737-400 လေယာဉ်အမျိုးအစား Cargo လေယာဉ်အား ကြိုဆိုသည့် အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်အမှတ် 9M-POS၊ Flight No. (3G087) Cargo လေယာဉ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ ထွက်ခွာ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နေ့လည် (၂)နာရီတွင် ဆိုက်ရောက်ခဲ့ပြီး တန်ချိန်အားဖြင့် (၁၈) တန်အထိ သယ်ဆောင်နိုင်မည့်အပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍မရသော Dangerous Goods များကိုလည်း ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့မှ အခြေပြု၍ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအတွင်းရှိ မြို့များနှင့် ကွာလာလမ်ပူမြို့၊ စင်ကာပူမြို့၊ ဟောင်ကောင်မြို့၊ အိန္ဒိယနိုင်ငံတို့သို့ ကူးသန်းပြေးဆွဲသွားရန် စီစဉ်ထားကြောင်းလည်း ကြေညာချက်အရ သိရသည်။

မြန်မာအမျိုးသားလေကြောင်း၏ (၇၅) နှစ်မြောက် စိန်ရတုနှစ်ပြည့်မြောက်သည့်အထိမ်းအမှတ်အနေဖြင့် Boeing 737-400 လေယာဉ်အမှတ် 9M-POS (Flight No. 3G08 7) Cargo လေယာဉ်အား ရန်ကုန်မြို့သို့ စတင်သယ်ဆောင်လာခြင်းဖြစ်ပြီး မြန်မာအမျိုးသာလေကြောင်း၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်သည့်ခရီးစဉ်များကို ပိုမိုချဲ့ထွင် ပျံသန်းပို့ဆောင်နိုင်စေမည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here