ပဲခူးမြို့ရှိ စေတဝန်ဘုန်းတော်ကြီးကျောင်းမီးလောင်ကျွမ်းမှုဖြစ်

0
200

ပဲခူးတိုင်း၊ပဲခူးမြို့၊ကလျာဏီရပ်ကွက်ရှိ စေတဝန်ဘုန်းတော်ကြီးကျောင်း၏ ၂ ထပ်ကျောင်းဆောင်၌ စက်တင်ဘာ ၁၅ ရက်ညပိုင်းက လျှပ်စစ်မီတာပုံးမှတဆင့် မီးလောင်ကျွမ်းခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည ၁၂ နာရီ ၁၀ မိနစ်ခန့်က ပဲခူးမြို့၊ကလျာဏီရပ်ကွက်၊စေတဝန်ကျောင်းလမ်းရှိ စေတဝန်ဘုန်းတော်ကြီးကျောင်း၏ ၂ ထပ်ကျောင်းဆောင်၌ လျှပ်စစ်မီတာပုံးမှတဆင့်မီးလောင်ကျွမ်းခဲ့၍ ပဲခူးတိုင်း/ခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် လျှပ်စစ်မီတာပုံးကနေတဆင့်စလောင်တာ ၂ ထပ်ကျောင်းဆောင်တစ်ဆောင်လုံးပျက်စီးသွားတယ် လတ်တလောအနေအထားအရတော့ တာဝန်ရှိတဲ့လူတွေကလိုအပ်တာတွေစစ်ဆေးနေပါတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဘုန်းတော်ကြီးကျောင်းမီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၂ နာရီ ၃၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here