ပန်းဆိုးတန်းဆိပ်ကမ်းမှ ရန်ကုန်မြစ်အတွင်းသို့ စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသမီးတစ်ဦးခုန်ချသေဆုံး

0
272

ရန်ကုန်မြို့ရှိ ပန်းဆိုးတန်းဆိပ်ကမ်းရှိ သင်္ဘောဆိပ်မှ စက်တင်ဘာ ၁၅ ရက်မွန်းတည့် ၁၂ နာရီကျော်ခန့်က စိတ်ကျန်းမာရေးချို့တဲ့နေသည့် အမျိုးသမီးတစ်ဦးခုန်ချ၍ ရေနစ်သေဆုံးသွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း လင်းလက်လူမှုကူညီရေးအသင်းမှ သိရသည်။

“ရေထဲခုန်ချသွားတာသိထဲက အနီးနားကလူတွေကဆင်းရှာကြပေမယ့် မတွေ့ခဲ့ရဘူး ဆက်ရှာကြရင်းနဲ့မှ မွန်းလွဲ ၂ နာရီကျော်လောက်မှာ Dead Body ကိုပြန်တွေ့ခဲ့တာပါ အဲဒီအမျိုးသမီးက စိတ်ကျန်းမာရေးချို့တဲ့နေတဲ့သူပါ အသက်(၄၀)နှစ်ကျော်လောက်ရှိပြီ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှသေဆုံးသူအမျိုးသမီး၏ရုပ်အလောင်းအား လင်းလက်လူမှုကူညီရေးအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here