ပြင်ဦးလွင်မြို့တွင် ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ဝင်တိုက် ကလေးတစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ

0
205

မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၁၈) တွင် စက်တင်ဘာ ၁၆ ရက်(ယနေ့)နေ့လည်ပိုင်းက ဆိုင်ကယ်အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်ကိုဝင်တိုက်မိခဲ့ကြောင်း သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နေ့လည်ပိုင်းက ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး (၁၈)ရှိ မန္တလေး-ပြင်ဦးလွင်အတက်လမ်းတွင် အ မျိုးသားတစ်ဦးမောင်းနှင်ပြီး ကလေးငယ်တစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့လိုက်ပါလာသည့်ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲလမ်းဘေးရှိသစ်ပင်ကိုဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် အမျိုးသား၊အမျိုးသမီးငယ် ကလေးငယ်တို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ပြင်ဦးလွင်မြို့ပြည်သူ့ဆေးရုံသို့ သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းမှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သန္တိသုခ အသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here