ထိုင်းမှ ရှေ့သို့ပါတီခေါင်းဆောင်ဟောင်း ပီတ က ၄င်း၏ ပါတီမှခေါင်းဆောင်အဖြစ်နုတ်ထွက်ကြောင်း စနေနေ့တွင် ပြောကြားခဲ့သည်။
ပဋိညာဉ်တရားရုံး(ရွေးကောက်ပွဲအယူခံခုံရုံး)က ပီတအားပြည်သူ့လွှတ်တော် အမတ်ရာထူးမှ ဆိုင်းငံ့ထားခြင်းကြောင့် ပီတအနေဖြင့် ခေါင်းဆောင်အဖြစ်တာဝန်ယူ၍မရနိုင်သေးပေ။
ရှေ့သို့ပါတီတွင်အတိုက်အခံခေါင်းဆောင်ရှိရန် လိုအပ်သောကြောင့် ပီတကယခုကဲ့သို့နုတ်ထွက်ထားခြင်းဖြစ်သည်။
စနေနေ့တွင်ပင် လက်ရှိ၀န်ကြီးချုပ် ဆြီသာက ရှေ့သို့ ပါတီ ခေါင်းဆောင်ဟောင်း ပီတအားပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခြင်းအပေါ် အနာဂတ်တွင်နိုင်ငံရေး ကံကောင်းပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ဟုဆိုထားသည်။
Source: Khaosod