နေအိမ်၌ သားဖြစ်သူနှင့် အတူရှိနေသည့် USDP ပါတီဝင်အမျိုးသမီး ပစ်ခတ်ခံရ၍ သေဆုံးခဲ့မှု ဘီးလင်းမြို့နယ်တွင်ဖြစ်ပွား

0
241

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးအနောက်ကျေးရွာတွင် စက်တင်ဘာ (၁၆) ရက်ညပိုင်းက နေအိမ်၌ သားဖြစ်သူနှင့်အတူရှိနေသည့် USDP ပါတီဝင် ဒေါ်ကေသီ (၅၀)နှစ်သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ည (၆) နာရီ (၄၅) မိနစ်ခန့်က အမျိုးသား (၆) ဦးမှ ဘီးလင်းမြို့၊ အလူးအနောက်ကျေးရွာနေ ဒေါ်ကေသီဝင်းနေ အိမ်သို့ရောက်ရှိလာကာ သားဖြစ်သူနှင့် အတူရှိနေသည့် ဒေါ်ကေသီဝင်းအား သေနတ်များဖြင့် ပစ်ခတ်၍ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“ဒေါ်ကေသီဝင်းက အရောင်း/အဝယ်လုပ်နေတဲ့ သူတစ်ယောက်ပါ။ အခင်းဖြစ်တဲ့ မနက်ကမှ ရန်ကုန်ကနေ အရောင်း/အဝယ်ကိစ္စပြီးလို့ ပြန်ရောက်လာတာ၊ အဲဒီနေ့ညမှာပဲ ပစ်ခတ်ခံရတာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဒေါ်ကေသီဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား ဘီးလင်းမြို့ပြည်သူ့ဆေးရုံသို့ လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here