ထိုင်းရောက် မြန်မာနိုင်ငံသား (၃၇၄) ဦး မြဝတီအမှတ် (၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်လာ

0
238

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား (၃၇၄) ဦးသည် မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြည်တွင်းသို့ စက်တင်ဘာ (၁၆)ရက်က ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းမှ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ – ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၁) ရက်တွင် ပြန်လည်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့်  မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကိုဗစ် -၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်ကောက် ယူခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ဆယ်မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ရွှေမြဝတီအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာရက်ကန့်သတ်ထားရှိကာကိုဗစ်ရောဂါပိုး ရှိ/မရှိစစ်ဆေးပြီးမှ သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်ပေးကြောင်း သိရသည်။

ယမန်နေ့က ပြန်လည်ဝင်ရောက်လာသူများအနက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၂၇၄ ဦး၊ အမျိုးသမီး ၁၀၀ ဦးစုစုပေါင်း ၃၇၄ ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများ (၃၂၄) ဦးသည် စက်တင်ဘာ (၁၃) ရက်တွင် မြန်မာ – ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတဆင့် ပြန်လည်ဝင်ရောက်ခဲ့​သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here