စစ်တောင်းမြစ်၊ ပဲခူးမြစ်နှင့် သောင်ရင်းမြစ်ရေများ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နိုင်ကြောင်း မိုး/ဇလသတိပေး

0
274

စစ်တောင်းမြစ်၊ ပဲခူးမြစ်နှင့် သောင်ရင်းမြစ်ရေများ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နိုင်သည့်အတွက် မဒေါက်မြို့၊ပဲခူးမြို့နှင့် မြဝတီမြို့တို့တွင် နေထိုင်သူများ အထူးသတိပြုနေထိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတိပေးထားသည်။

လက်ရှိတွင် စစ်တောင်းမြစ်သည် မဒေါက်မြို့၏ စိုးရိမ်ရေအမှတ်အထက်၌ (၁)ပေခွဲခန့်ရှိနေပြီး နောက် (၁) ရက်အတွင်း (၂) လက်မခန့်မြင့်တက်လာကာ ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်၌ ဆ က်လက်တည်ရှိနိုင်ကြောင်း မိုးဇ/လ၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ပဲခူးမြစ်သည် ပဲခူးမြို့၏ စိုးရိမ်ရေအမှတ်အထက် (၂) လက်မခန့် ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း (၂) လက်မခန့်မြင့် လာကာယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်၌ ဆက်လက် တည်ရှိနိုင်ကြောင်းလည်း သိရသည်။

ထို့အပြင် သောင်ရင်းမြစ်သည် မြဝတီမြို့၏ စိုးရိမ်ရေအမှတ်အောက် (၂) ပေခန့်တွင်ရှိနေပြီး နောက် (၁) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေ အမှတ်တွင်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက် (၇)လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် (၂)ရက်အတွင်းယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပြီး သာပေါင်းမြို့တွင် စိုးရိမ်ရေအမှတ်အထက် (၈)လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် (၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေအမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here