ပုဂံရှိ ဓမ္မရာဇကဘုရားမိုးကြိုးထိမှန်

0
627

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် စက်တင်ဘာ ၁၇ ရက်(ယနေ့)တွင် မိုးသည်းထန်စွာရွာသွန်းပြီး နေ့လည် ၃ နာရီ ၄၅ မိနစ်ခန့်၌ မိုးကြိုးပစ်ခဲ့သဖြင့် ရှေးဟောင်းဘုရားတစ်ဆူဖြစ်သော ဓမ္မရာဇကဘုရားမိုးကြိုးစက်ကွင်းထိမှန်ခဲ့ကြောင်း သိရသည်။

ဓမ္မရာဇကဘုရားအား ယခင် ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက် တပ်မတော်ထောက်လှမ်းရေးမိသားစုများ စုပေါင်းလှူဒါန်းပြုပြင်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အား ညောင်ဦးမြို့နယ် သံဃနာယကအဖွဲ့၊ ဥက္ကဋ္ဌ အလိုတော်ပြည့်ကျောင်းဆရာတော်၊ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ခံ ညွှန်ကြားရေးမှူး၊ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ညောင်ဦးမြို့ နယ်ရဲတပ်ဖွဲ့မှူး၊ညောင်ဦးခရိုင်သာသနာရေးမှူးတို့က စစ်ဆေးခဲ့ကြသည်။

မိုးကြိုးစက်ကွင်းထိမှန်မှုကြောင့် ဓမ္မရာဇကဘု ရားကြီးတွင် ဘုရားခေါင်းလောင်းနှင့်ဖောင်းရစ်ပတ်လည်တွင် အက်ကြောင်းများဖြစ်ပေါ်ခဲ့ပြီး အက်ကြောင်းတစ်ဝိုက်ရှိ ရွှေသင်္ကန်းများမည်းသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ပျက်စီးမှုများအား အမြန်ဆုံးပြန်လည်ပြုပြင်ထိန်းသိမ်းသွားရန် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပြီး မိုးကြိုးပစ်ခတ်မှုတွင် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here