သီရိမင်္ဂလာဈေးဟောင်း အဆောက်အအုံ ဖျက်သိမ်းမှုလုပ်ကိုင်ရန် တင်ဒါတင်သွင်းသူ (၁၀၀)ကျော်ရှိခဲ့

0
344

သီရိမင်္ဂလာ ဈေးဟောင်း အဆောက်အအုံ ဖျက်သိမ်းရေးလုပ်ငန်းလုပ်ကိုင်ရန် တင်ဒါခေါ်ယူမှုတွင် လက်ရှိအချိန်အထိ တင်ဒါအာမခံ ပေးသွင်းသူ (၁၁၀)ကျော်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တင်ဒါခေါ်ယူ‌ရေးကော်မတီမှ သိရသည်။

အဆိုပါ တင်ဒါအာမခံ ပေးသွင်းသူများသည် ဈေးနှုန်းအဆိုပြုလွှာများ တင်သွင်းကြပြီး ကြမ်းခင်းဈေး အမြင့်ဆုံး ဈေးနှုန်းအဖြစ် အဆိုပြုတင်သွင်းနိုင်သူကို တင်ဒါအောင်မြင်သူအဖြစ် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သီရိမင်္ဂလာဈေးဟောင်းအဆောက်အုံကို အန္တရာယ်ရှိအဆောက်အဦးအဖြစ် ၂၀၁၇ ခုနှစ် ဩဂုတ်လ (၁၆) ရက်က သတ်မှတ်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်ကာ လုပ်ငန်းများကို သက်တမ်းတိုးခွင့်မပြုဘဲ ပိတ်သိမ်းပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ယင်း အဆောက်အအုံကို ဖျက်သိမ်းပြီး ၎င်းနေရာတွင် နိုင်ငံတကာအဆင့်မီ အဆောက်အအုံတစ်ခု တည်ဆောက်ရန် လျာထားကာ ဖြိုဖျက်မှု လုပ်ငန်းများကို စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ထိုအဆောက်အအုံ ဖြိုဖျက်ရန် တင်ဒါခေါ်ယူမှုအတွက် ဩဂုတ် (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် ကြေညာခဲ့ပြီး ဩဂုတ် (၂၁) ရက်မှ ဩဂုတ် (၃၀) ရက်အထိ တင်ဒါပုံစံတစ်စောင်လျှင် တစ်သိန်းကျပ်နှုန်းဖြင့် ရောင်းချကာ စက်တင်ဘာ (၁) ရက်အထိ တင်ဒါအာမခံ ပေးသွင်းသူများအနက်မှ ဈေးနှုန်းအဆိုပြုရွေးချယ်မှုကို စက်တင်ဘာ (၁၂) ရက်တွင် ပြုလုပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here