ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ယူကရိန်းဒရုန်းသုံးစင်းကို ပစ်ချ

0
300

ခရိုင်းမီးယားတွင် တပ်ဆင်ထားသည့် ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ယူကရိန်းဒရုန်းသုံးစင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

“စက်တင်ဘာ ၁၇ ရက် မော်စကိုစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရုရှားပိုင်နက်နယ်မြေရှိ ရုရှားပိုင် အဆောက်အဦများကို အကြမ်းဖက်တိုက်ခိုက်ရန် ယူကရိန်းတို့၏ ကြိုးပမ်းမှုမှာ ပျက်ပြားသွားခဲ့သည်။ ခရိုင်းမီးယားကျွန်းဆွယ်၏ အနောက်တောင်ဘက်ပိုင်းဒေသပေါ်သို့ ပျံသန်းလာသော ယူကရိန်း မောင်းသူမဲ့လေယာဉ်နှစ်စင်းကို မိမိတို့၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ပစ်ချခဲ့သည်။ ” ဟု ဖော်ပြထားသည်။ ည ၉း၃၀ ခန့်တွင် ယူကရိန်းဒရုန်းတစ်စင်းသည် ခရိုင်းမီးယားအနောက်တောင်ပိုင်းတွင် ပျက်ကျခဲ့သည်။

Sevastopol အုပ်ချုပ်ရေးမှူး Mikhail Razvozhayev က မြို့တော်၏ အခြေခံအဆောက်အဦများ ထိခိုက်မှုမရှိကြောင်း ၎င်း၏ Telegram တွင် ရေးသားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here