ရှီနှင့်ပူတင်တို့ မ တွေ့မီ တရုတ်နိုင်ငံခြားရေးဝန်ကြီး ရုရှားသို့သွားရောက်

0
476

ပေကျင်း၊စက်တင်ဘာ ၁၈

တရုတ်ထိပ်တန်းသံတမန်မစ္စတာဝမ်ယိသည်စက်တင်ဘာ ၁၈ ရက်တွင် ရုရှားသို့ လေးရက်ကြာခရီးစဉ်စတင်ခဲ့ပြီး နှစ်နိုင်ငံလုံးသည် နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းလာစေရန်မျှော်လင့်ထားကြောင်းသိရသည်။

ထို့ပြင် အောက်တိုဘာလတွင်လည်းရုရှား သမ္မတဗလာဒီမာပူတင်သည် ပေကျင်းသို့လာရောက်လည်ပတ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းသိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြီးအကဲနှင့် အာဏာရကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးရုံးအကြီးအကဲဖြစ်သူ ဝမ်သည် နှစ်စဉ်ကျင်းပ‌နေကျလုံခြုံရေးဆွေးနွေးပွဲအတွက် ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလိုင်ပတ်ထရုရှက်ဗ်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဝမ်သည် ယူကရိန်းသို့ ရုရှား၏ကျူးကျော်မှုတစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မတိုင်မီတစ်ရက်တွင် ရုရှားသို့နောက်ဆုံးသွားရောက်ခဲ့သေးသည်။

အဆိုပါခရီးစဉ်တွင်မူ ၎င်းတို့အနေဖြင့် နှစ်နိုင်ငံနယ်နိမိတ်များကို အင်အားသုံး၍ပြန်လည်ရေးဆွဲနိုင်သည့်အမြင်များအား ဆွေးနွေးဖလှယ်နိုင်သည်ဟု အမေရိက ကစွပ်စွဲ‌ပြောကြားခဲ့ပြီး အမေရိကန်အားစိုးရိမ်မှုများလည်းမြင့်တက်စေခဲ့သည်။

ယခုခရီးစဉ်မတိုင်မီကလည်း မစ္စတာဝမ်သည် မော်လ်တာကျွန်းနိုင်ငံသို့သွားရောက်ခဲ့ပြီး အေမရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေးဂျိတ်ခ်ဆူလဗန်နှင့် နာရီအတော်ကြာဆွေးနွေးမှုပြုလုပ်ခဲ့သေးကြောင်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here