ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုကိုဆွေးနွေး

0
205

ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတို့ကို နစက ဒု-ဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီး ဌာန၊အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းတို့ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေမှ တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာန၊အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းအား စက်တင်ဘာ ၁၈ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်၌လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင်ရေး၊မြန်မာ-တရုတ် နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘောဆက်လက်ကူညီပေးသွားမည်နှင့်ဒေသတွင်းနှင့်နိုင်ငံတကာမျက်နှာစာ အ ထူးသဖြင့် အာဆီယံနှင့်ကုလသမဂ္ဂတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here