ချောက်မြို့ရှိ မြို့နယ်စည်ပင်ရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွား ဝန်ထမ်းတစ်ဦးနှင့် အရပ်သားတစ်ဦးဒဏ်ရာရ

0
259

မကွေးတိုင်း၊ ချောက်မြို့ရှိ မြို့နယ်စည်ပင်ရုံး၌ စက်တင်ဘာ (၁၈) ရက်နံနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ဝန်ထမ်းတစ်ဦးနှင့်အရပ်သားတစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နံနက် (၁၀) နာရီ (၁၅) မိနစ်ခန့်က အမျိုးသား (၂) ဦးသည် ချောက်မြို့ရှိ မြို့နယ်စည်ပင်ရုံးသို့ ဆိုင်ကယ်ဖြင့်မောင်းနှင်ရောက်ရှိလာကာ မြို့နယ်စည်ပင်ရုံးအားဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“ဗုံးက ရုံးရှေ့အုတ်ခုံကို ထိပြီး အဲဒီနားက AD ဒေါ်ညိုမီမီမြင့် စီးလာတဲ့ ကားအောက်ကိုရောက်ပြီး ပေါက်ကွဲသွားတယ်။ ကားလည်းပျက်စီးတာတွေရှိတယ်။ နောက် ရေခွန်လာဆောင်တဲ့ အရပ်သားတစ်ယောက်ရယ်၊ စာရေးမတစ်ယောက်ရယ် ဗုံးစထိမှန်ဒဏ်ရာတွေရတယ်။ မစိုးရိမ်ရပါဘူး”ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here