မြန်မာနိုင်ငံတွင် ကိုရီးယားအစားအစာပြပွဲ (Korea Food Festival) ကျင်းပရန်ဆွေးနွေး

0
293

CMS KOREA မှ ကိုယ်စားလှယ် Mr. Yeom Duk Jong နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံတွင်ကိုရီးယား အစားအစာပြပွဲ (Korea Food Festival) လာရောက် ကျင်းပပြုလုပ်မည့် ကိစ္စနှင့်စပ်လျဉ်း၍ အသင်းချုပ်တာဝန်ရှိသူများထံ စက်တင်ဘာ (၁၈) ရက်က လာရောက်တွေ့ဆုံခဲ့ရာ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးရဲမြင့်မောင်တို့က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးမှုအရ  ၂၀၂၄ ခုနှစ်၊ မတ်လ (၂၄) ရက်တွင် ကုန်သည်စက်မှု အသင်းချုပ်နှင့် ပူးပေါင်း၍ ကိုရီးယားအစားအစာပြပွဲ (Korea Food Fair) ကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဒီဇင်ဘာလတွင် ကိုရီးယားနိုင်ငံ၊ Chungju မြို့၊ ပြည်နယ်အစိုးရ ကိုယ်စားလှယ်များ ဦးဆောင်၍ ကုန်သည်စက်မှုအသင်းချုပ် တာဝန်ရှိသူများနှင့် ပြပွဲကျင်းပနိုင်ရေးတွေ့ဆုံဆွေးနွေးကြမည်ဖြစ်ပြီး ပြပွဲသို့ ကိုရီးယား အသေးစား၊ အငယ်စား၊ အလတ်စား ကုမ္ပဏီပေါင်း(၂၀၀)ခန့် ဖိတ်ခေါ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလာရောက်တွေ့ဆုံမှုသည် ကိုရီးယားအစားအစာပြပွဲ ကျင်းပရန်အတွက် ပမာဏလာရောက် ဆွေးနွေးခြင်းဖြစ် ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here