ပူတာအိုဒေသကို ခရီးသွားလုပ်ငန်းဖြင့် ဖွံဖြိုးတိုးတက်စေရန် နစက အဖွဲ့ဝင် ဒေါ်ဒွဲဘူ မှာကြား

0
210

ပူတာအိုဒေသသည် အရှေ့တောင်အာရှ၌ တစ်ခုတည်းသော ရေခဲတောင်ရှိရာ ဒေသဖြစ်သော ကြောင့် ခရီးသွားလုပ်ငန်းဖြင့် ဖွံဖြိုးတိုးတက်မှု မြန်ဆန်လာနိုင်မည်ဖြစ်ရာ မြိုပြသန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ် ကြိုးပမ်းလုပ်ဆောင်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ပူတာအိုမြို့သို့ ရောက်ရှိစဉ် တာဝန်ရှိသူများအား မှာကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူမှ ပူတာအိုမြို့သန့်ရှင်းသပ်ရပ်လှပစေပြီး ခရီးသွားများအား ပိုမိုဆွဲဆောင်နိုင်သည့် မြိုပြတစ်ခုဖြစ်လာစေရေး စက်တင်ဘာ (၁၇) ရက် ကွင်းဆင်းစစ်ဆေးရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ခရီးသွားများအား ဆွဲဆောင်ရာတွင် ဒေသခံတိုင်းရင်းသားတို့၏ ဓလေ့ထုံးစံရိုးရာ ယဉ်ကျေးမှုကို ဖော်ထုတ်ပြသသွားရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုလမ်းမဘေး၌ မြေယာရှုခင်းပြုပြင်ရေးတို့တွင်တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပူတာအိုလေဆိပ်အဝင် လမ်းဘေးဝဲ/ ယာသန့်ရှင်းသာယာ လှပရေး၊ အလှပန်းပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ လေဆိပ်အဆောက်အအုံနှင့် ပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းရေးသာယာလှပလာစေရေး တာဝန်ရှိသူများနှင့် ​ဆွေး​နွေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ ပူတာအိုအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းသီဟ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲဝင်များနှင့်အတူ ပူတာအိုမြို့သို့ လာရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here