မြောက်ဥက္ကလာပမြို့နယ်တွင် အမျိုးသမီး (၂) ဦးအားမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိ

0
326

ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်၊(ဋ)ရပ်ကွက်တွင် အမျိုးသမီး (၂) ဦးအား နေအိမ်အတွင်းမှ မူးယစ်ဆေးဝါးများနှင့်အတူ စက်တင်ဘာ (၁၈)ရက်ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ညနေ (၄) နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည်မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်၊ ဥဇ္ဇာနာ (၁၁) လမ်းနေ မသက်မြတ်နိုးဦး (ခ)မင်းမြတ် (၂၃)နှစ်နှင့် မအေးသန္တာမိုး (ခ) အေးမြတ်မိုး(၁၉)နှစ်တို့ ငှားရမ်းနေထိုင်သည့် နေအိမ်အား ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း၌ ၎င်းတို့နှစ်ဦးအား စိတ်ပြောင်းဆေးဝါး (ကက်တမင်း) ၃၀ ဂရမ်၊စိတ်ကြွဆေးပြား ၂၇၀၀ ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူ (၂) ဦးအား မြောက်ဥက္ကလာပမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here