ဈေးများအတွင်း စားအုန်းဆီရောင်းချပေးနိုင်ရန် YCDC ပံ့ပိုး

0
175

တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် စားသုံးသူပြည်သူများလက်ဝယ်သို့ တိုက်ရိုက်ထည့်ပေးနိုင်ရန် ဈေးများတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှကူညီပံ့ပိုးနေကြောင်း သိရသည်။

စားသုံးသူပြည်သူများအနေဖြင့် နေ့စဉ်ဈေးများတွင် မီးဖိုချောင်သုံးအစားအသောက်များ ဝယ်ယူရင်းစားအုန်းဆီကိုပါ တစ်ပါတည်း ဝယ်ယူသွားစေနိုင်ရန်အတွက် စက်တင်ဘာ ၁၅ ရက်မှစကာ တစ်ဦးလျှင် ၅၀ ကျပ်သားနှုန်းဖြင့် နံနက် ၆ နာရီခွဲမှ စတင်၍ ရောင်းချပေးလျက်ရှိသည်ဟု စည်ပင်​စျေးများဌာနမှတာဝန်ရှိသူတစ်ဦးက​ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် စားအုန်းဆီတစ်ပိဿာ ၁၂၀၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းသည် စားသုံးဆီဈေးနှုန်းများ တည်ငြိမ်ရေးအတွက်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၈ ရက်မှစကာ “စားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းအဖွဲ့”ကို အသင်း၏ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ စားသုံးဆီတင်သွင်းသောကုမ္ပဏီများမှ ကိုယ်စားလှယ်များ ပါဝင်သော ၂၉ ဦးအဖွဲ့ဖြင့် ဖွဲ့စည်း၍ ဆီတင်သွင်းသောကုမ္ပဏီများမှ ဆီရောင်းချရေးကို စီမံဆောင်ရွက်ပေးလျှက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ နယ်နိမိတ်အတွင်းရှိ ဈေးများတွင် စက်တင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ စားအုန်းဆီတစ်ပိဿာ ၄၉၅၀ ကျပ်ဖြင့် ရောင်းချနိုင်​အောင်စီစဥ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here