အာရှအားကစားပွဲတော် အဖွင့်ပွဲစဥ်တွင် မြန်မာယူ ၂၄ အသင်းနိုင်ပွဲရရှိ

0
286

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသည့် ၁၉ ကြိမ်မြောက်အာရှ အားကစားပွဲတော် Asian Games Hangzhou 2022 ပြိုင်ပွဲအဖွင့်ပွဲစဥ်တွင် မြန်မာယူ ၂၄ အသင်းနိုင်ပွဲရရှိခဲ့ကြောင်း သိရသည်။

မြန်မာယူ ၂၄ အသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယနေ့ မြန်မာစံ‌တော်ချိန် နေ့လယ် ၂ နာရီ ၃၀ မိနစ်က ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အသင်း၏ ကစားသမား ကိုယ့်ဂိုးကိုယ်သွင်းမိမှုကြောင့် မြန်မာအသင်းတစ်ဂိုး ဂိုးမရှိရလဒ်ဖြင့်အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

မြန်မာ ယူ၂၄ အသင်းသည် Asian Games ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဥ်အဖြစ် တရုတ်၊ အိန္ဒိယအသင်းတို့နှင့် ထပ်မံယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Asian Games အမျိုးသား ဘောလုံးပြိုင်ပွဲတွင် အုပ်စု (၆)အုပ်စု ရှိပြီး အုပ်စု ပထမနှင့်ဒုတိယ နှစ်သင်းစီနှင့် အကောင်းဆုံး အုပ်စု တတိယ ၄ သင်း၊ စုစုပေါင်း ၁၆ သင်း ရှုံးထွက်အဆင့်တက်ရောက်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here