အယ်နီညို ရာသီဥတုဖြစ်၍ ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးနိုင်ရေး ချောင်းပိတ်/မြောင်းပိတ်လုပ်ငန်းများ ကြိုတင်ပြင်ဆင်ထားရန် ပဲခူးတိုင်း ဝန်ကြီးချုပ် မှာကြား

0
232

အယ်နီညို အတွက်ကြိုတင်ပြင်ဆင်ရန်နှင့် Water Use Group အဖွဲ့များအနေဖြင့် စိုက်ပျိုးရေများ မလေလွင့်စေရေး စနစ်တကျသုံးစွဲရန် လိုအပ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောဆိုလိုက်သည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၁၇)ရက်က ကျင်းပခဲ့သည့် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိုးစပါးစိုက်ပျိုးရာသီ ကုန်ဆုံးသွားပြီးဖြစ်၍ ကြုံတွေ့ခဲ့ရသည့် အားသာချက်/အားနည်းချက်များ သုံးသပ်ဆွေးနွေးရန်၊ လာမည့် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးရာသီများအတွက် လိုအပ်သည့် အထွက်တိုး မျိုးကောင်း၊ မျိုးသန့်များ ကြိုတင်စုဆောင်းနိုင်ရေး ချိတ်ဆက်ထားရန်၊ လယ်မြေအလိုက် လိုအပ်သည့် သွင်းအားစုကို အချိုးအစားမှန်ကန်စွာဖြင့် သုံးစွဲနိုင်ရေး အသိပညာပေးရန်အတွက်လည်း ​ဆွေး​နွေးခဲ့သည်။ 

ထို့အပြင် မင်းလှမြိုနယ်အတွင်း ယခင်က(၁)နှစ်တစ်သီးသာ စိုက်ပျိုးနိုင်ခဲ့သည့် လယ်ယာမြေ (၁၀၀၀) ဧကတွင် တိုင်းဒေသကြီး အစိုးရအဖွဲ အစီအစဉ်ဖြင့် (၁) နှစ် နှစ်သီး တိုးချဲ့စိုက်ပျိုးနိုင်ရေး စက်ရေတွင်း (၃၀၀) တူးဖော်ပေးမည့် အစီအစဉ်အပေါ် ဒုတိယ သီးနှံအား ရေ၊ မြေ၊ သဘာဝ၊ ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများ စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်း အသိပညာပေးကူညီရန် ဝန်ကြီးချုပ်က ​ပြောကြားခဲ့သည်။

ထိုနောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဓါတ်မြေ ဩဇာခွဲဝေရရှိမှုနှင့် ဖြန့်ဝေပေးထားမှု၊ စိုက်ပျိုးစရိတ် ချေးငွေနှင့် သမဝါယမဘဏ်ချေးငွေများ ကောက်ခံရရှိမှု၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းပြီးစီးမှုနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ အသီးသီးတင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်​ဆွေး​နွေး​ပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here