ကြည့်မြင်တိုင်မြို့နယ်တွင် Hijet ယာဉ်တစ်စီးမှ ကလေးငယ် (မ) တစ်ဦးအား တိုက်မိရာ စိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့

0
173

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်းနှင့် ဗားကရာလမ်းထောင့် စာတိုက်မှတ်တိုင်အနီးတွင် ကလေးငယ်တစ်ဦးအား Hijet ယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ (၁၉)ရက် ညနေ (၅) နာရီ မိနစ်(၂၀)အချိန်ခန့်က ကလေးငယ်တစ်ဦးအား Hijet ယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိသည့် ပြည်သူများသတင်းပေးချက်အရ ဒေသတွင်း လူမှုရေးအဖွဲ့များ သွားရောက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်ပွားရာနေရာအရောက် အတိုက်ခံရသူမှ ကလေးငယ် (မ)တစ်ဦး ဖြစ်နေပြီး စိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိထားသဖြင့် လူနာအား ဝန်းရံမှုးလူမှူကူညီရေးပရဟိတအသင်း Ambulance ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here