လားရှိုး-မန္တလေးပြည်ထောင်စုလမ်းမကြီး စဉ့်အင်ကျေးရွာတွင် ကားနှင့် ထော်လာဂျီ တိုက်မိမှုဖြစ်ပွား (၂) ဦး ဒဏ်ရာရ

0
294

ရှမ်းမြောက် လားရှိုး-မန္တလေးပြည်ထောင်စုလမ်းမကြီး စဉ့်အင်ကျေးရွာအထွက် နတ်စင်ရှေ့တွင် ကားနှင့် ထော်လာဂျီ မတော်တဆဖြစ်ကာ တိုက်မိမှုဖြစ်ပွားရာ (၂) ဦး ဒဏ်ရာရခဲ့ကြောင်း နောင်မွန်လူငယ် ပရဟိတ အသင်းနှင့် လားရှိုးကမ်းလင်းလက်အသင်းမှ သိရသည်။

စက်တင်ဘာ (၁၉)ရက် ညနေ (၅)နာရီ အချိန်ခန့်က အိမ်စီးကားနှင့် ထော်လာဂျီတို့ တိုက်မိရာထော်လာဂျီ မောင်းသူမှာ လမ်းဘေးသို့ ပြုတ်ကျခဲ့ရပြီး ယာဉ်တိုက်မှုကြောင့် (၂) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“စဉ့်အင်ကျေးရွာအထွက် နတ်စင်ရှေ့မှာ ကားနဲ့ ထော်လာဂျီ မတော်တဆဖြစ်ပြီး တိုက်မိတာ ဒဏ်ရာရတဲ့ လူနာ(၂)ဦးကို Ambulance တွေနဲ့ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့ပါတယ်။”ဟု သွားရောက်ကူညီခဲ့သူ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်

အဆိုပါ ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသော လူနာ(၂)ဦးအား နောင်မွန်လူငယ်ပရဟိတအသင်းနှင့် လားရှိုးကမ်းလင်းလက်အသင်း လူနာတင်ယာဉ်များဖြင့် နောင်မွန်တိုက်နယ်ဆေးရုံနှင့် လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here