ဗဟိုဘဏ် ညွှန်ကြားချက်မလိုက်နာသည့် ငွေလဲကောင်တာ ၁၀၀ ကျော်ကို လိုင်စင်ပိတ်သိမ်း

0
353

ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို လိုက်နာခြင်းမရှိသည့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရကုမ္ပဏီ ၁၂၃ ခု ၏ လိုင်စင်များကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ လိုင်စင်ရုတ်သိမ်းခြင်းနှင့်ပတ်သက်၍ ဗဟိုဘဏ်က စက်တင်ဘာ (၁၉) ရက်တွင် တရားဝင် ထုတ်ပြန် အသိပေးလာခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီများသည် ဗဟိုဘဏ်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတို့အား လိုက်နာခြင်းမရှိ၍ ဗဟိုဘဏ်ကခွင့်ပြုထုတ်ပေးထားသည့် ၎င်းတို့၏ လိုင်စင်များအား ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု ဗဟိုဘဏ်ကဆိုသည်။

ယခုကဲ့သို့ နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ရုပ်သိမ်းခြင်းအား ဗဟိုဘဏ်၊အမှုဆော င်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရဖြစ်ကြောင်းလည်း ဗဟိုဘဏ်ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here