လားရှိုးမြို့တွင် တည်းခိုခန်းတစ်ခု၏ ဝရန်တာပေါ်မှအမျိုးသားတစ်ဦးခုန်ချ

0
178

ရှမ်းပြည်နယ်၊လားရှိုးမြို့၊ရပ်ကွက်(၁၂)ရှိ တည်း ခိုခန်းတစ်ခု၏ ဝရန်တာပေါ်မှ စက်တင်ဘာ ၁၉ ရက်ည ၁ နာရီခွဲ‌ကျော်ခန့်က အမျိုးသားတစ်ဦးခုန်ချခဲ့ကြောင်း ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ သိရသည်။

“လူငယ်တစ်ယောက်ပါပဲ တည်းခိုခန်း ဝရန်တာပေါ်ကနေခုန်ချတာ ခေါင်းထိခိုက်မိသွားတယ် တခြားထိခိုက်မိတာမရှိဘူး ပွန်းပဲ့ဒဏ်ရာတွေတော့ရှိတယ် စုံစမ်းကြည့်ရသလောက်ဆိုရင် မူးယစ်ဆေးကြောင်နေတဲ့ပုံစံရှိတယ်လို့ အကြမ်းဖျဥ်းသိထားတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူအား ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ မြေပြင်ကုသမှုများပြုလုပ်ပေးပြီးနောက် လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here