သာစည်မြို့နယ်တွင် ရန်ကုန်တိုင်းမှရှမ်းပြည်နယ်သို့သယ်လာသည့် ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ ဓာတုပစ္စည်း ၂၁ တန်ဖမ်းမိ

0
223

မန္တလေးတိုင်း၊သာစည်မြို့နယ်၊ကျွဲတပ်ဆုံကျေး ရွာအနီးတွင် စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းက ငွေကျပ် ၁၆၈၀ သိန်းတန်ဖိုးရှိ ဓာတုပစ္စည်း PHENOL LOOSE CRYSTALS (၂၁)တန် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၇ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူး ပေါင်းအဖွဲ့သည် သာစည်မြို့နယ်၊ကျွဲတပ်ဆုံကျေးရွာအနီးရှိ သာစည်-တောင်ကြီးသွားကားလမ်းတွင် ထွန်းမြင့်ဦးမောင်းကာ ဝေဖြိုးကျော် လိုက်လာသည့် DONGFENG ၂၂ ဘီးတွဲကားကို သတင်းအရရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်တွင် ရန်ကုန်တိုင်းမှရှမ်းပြည်နယ်သို့သယ်လာသည့် ငွေကျပ် ၁၆၈၀ သိန်းတန်ဖိုးရှိ ဓာတုပစ္စည်း PHENOL LOOSE CRYSTALS (၂၁)တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား သက်ဆိုင်ရာရဲစခန်းမှ မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင် ရာဥပဒေအရအမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here