အသက်(၂၁)နှစ်အရွယ်ရှိ မြန်မာနိုင်ငံသူတစ်ဦး မလေးရှားနိုင်ငံ၌ ကြိုး-ဆဲ ွ-ချသေဆုံးခဲ့

0
233

မလေးရှားနိုင်ငံ၊ ကပ်ပုန်းမြို့၌ အသက် (၂၁)နှစ်အရွယ် မြန် မာနိုင်ငံသူသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၎င်းနေထိုင်သည့် နေအိမ်အခန်းအတွင်း၌ ကြိုး-ဆဲွ-ချ သေဆုံးသွားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ သိရသည်။

သေဆုံးသူ မအဏ္ဏဝါမေသည် မိသားစုဝင်များဖြစ်သည့် မိ ဘနှစ်ဦး၊ မောင်တစ်ဦးနှင့်အတူ မလေးရှားနိုင်ငံ၊ ကပ်ပုန်းမြို့၌ အတူနေထိုင်စဥ် နေအိမ်အခန်းအတွင်း ကြိုး-ဆဲွ-ချ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ ရုပ်အလောင်းအား သဂြိုလ်နိုင်ရန် မိသားစုဝင်များက နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့သဖြင့် ရဲစခန်း/ဆေးရုံ /သံရုံးကိစ္စများကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူ၏ရုပ်အလောင်းအား စက်တင်ဘာ (၁၉) ရက်နေ့လည် (၁) နာရီ၌ နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့(ကွာလာလမ်ပူ-မလေးရှား)မှ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူ-ချဲရတ်မြို့ရှိ ဂျလန်ကွာလီသုဿန်တွင် သဂြိုလ်ပေးခဲ့ကြကြောင်း သိရသည်။

မအဏ္ဏဝါမေနှင့် မိသားစုဝင်များ သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ကော့ဘိန်းကျေးရွာအုပ်စု၊ ကော့ဘိန်းကျေးရွာမှလာရောက်သူများဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here