နိုင်ငံ့အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ပညာရှင်များရှုထောင့်မှအထောက်အကူပြုပံ့ပိုးပေးရန်တိုက်တွန်း

0
210

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ စက်တင်ဘာ ၁၉ ရက်နေ့လည် ၃ နာရီက မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံ ပေးအဖွဲ့ဝင်များ၊အမှုဆောင်အဖွဲ့ဝင်များအား ရန်ကုန်မြို့၌ တွေ့ဆုံစဥ် တိုက်တွန်းမှာကြားခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံစဥ် ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က နိုင်ငံတော်အစိုးရ၏ လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်များ၊ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့အနေဖြင့် ဒေသတွင်းနှင့်နိုင်ငံတကာဆက်ဆံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေး၊နိုင်ငံ့အကျိုးဖြစ်ထွန်းစေမည့် အ ကြံပြုချက်များကို ပညာရှင်များရှုထောင့်မှ အထောက်အကူပြုပံ့ပိုးပေးရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊အမှုဆောင်အဖွဲ့ဝင်များက အဖွဲ့၏ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here