ဖြူးမြို့နယ်တွင် တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

0
286

ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ဖြူး – အုတ်ဖြတ်သွားကားလမ်းနှင့် ဝဲကြီးကျေးရွာတို့သို့ ဆက်သွယ်ထားသည့် တံတားတစ်စင်း စက်တင်ဘာ (၁၉) ရက်ညပိုင်းက မိုင်းခွဲဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ ည (၁၀) နာရီကျော်ခန့်က အမည်မသိလက်နက် ကိုင်အဖွဲ့ဝင်များသည် ဖြူးမြို့နယ်ရှိ ဖြူး-အုတ်ဖြတ် သွားကားလမ်းနှင့် ဝဲကြီးကျေးရွာတို့အားဆက်သွယ်ထားသည့် အရှည် ပေ (၃၀၀)၊ အကျယ် (၁၄)ပေရှိ တံတားတစ်စင်းအား မိုင်းခွဲဖျက်ဆီးခဲ့ကြခြင်းဖြစ်သည်။

ထိုသို့ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် တံတားမှာပေ (၅၀) ခန့်နှင့်တံတားထိပ်ရှိ လျှပ်စစ်ဓာတ်တိုင် (၄) တိုင်ပျက်စီးခဲ့ကာ ဖြတ်သန်းသွားလာ၍မရတော့သဖြင့် ပြန်လည်ပြင်ဆင်နိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

လက်ရှိတွင် မိုင်းခွဲဖျက်ဆီးမှု ကျူးလွန်ခဲ့သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here