အိန္ဒိယ -မြန်မာနားလည်မှု စာချွန်လွှာအရ အကောင်အထည်ဖော်နေသည့် စီမံကိန်းများ

0
174

ရခိုင်ပြည်နယ်၌ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် အိန္ဒိယ – မြန်မာနားလည်မှု စာချွန်လွှာအရ အကောင်အထည်ဖော်နေသည့် စီမံကိန်းများ၏ တိုးတက်မှု အခြေအနေနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar တို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းမှ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar အား စက်တင်ဘာ (၁၉) ရက် နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် အာဆီယံ၊ကုလသမဂ္ဂအဖွဲ့အစည်းများအကြား လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှု၊ ကိုဗစ် (၁၉) ရောဂါနှင့် “မိုခါ”မုန်တိုင်းပြန်လည် ထူထောင်ရေး ကာလများ၌ အကူအညီပေးမှုတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Nay Pyi Taw State Academy ၌ လူမှုရေးပညာမဟာဌာနဖွင့်လှစ်နိုင်ရန် ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်အိန္ဒိယနိုင်ငံမှ ဘာသာရပ်ဆိုင်ရာပါ မောက္ခများပူးပေါင်း၍ သင်ရိုးညွှန်း တမ်းများရေးဆွဲနေမှု၊ ပညာတော်သင် (၁၉) ဦး အိန္ဒိယနိုင်ငံ TATA Institute of Social Sciences ၌ လူမှုရေးပညာမဟာဘွဲ့သင်တန်းတက်ရောက်နေမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် အိန္ဒိယ – မြန်မာ နားလည်မှု စာချွန်လွှာအရ အကောင်အထည်ဖော်နေသည့် စီမံကိန်းတိုးတက်မှု၊ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့်ဆောင်ရွက်ရန်ရှိသည့် Small Development Project (SDP) အောက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အဆိုပြုတင်ပြထားသည့် စီမံကိန်းများ၊ ဝန်ကြီးဌာန အနေဖြင့် AHA Centre၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာမှု အကူ အညီပေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here