ပစ်ကပ်ကားပေါ်တွင်လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅ ဦး ချွန်ဖော်ခရိုင်၌ ထပ်မံဖမ်းဆီးခံရပြန်

0
258

ထိုင်းနိုင်ငံ၊ချွန်ဖော်ခရိုင်၊လန်စွန်မြို့၊နာခါကျေးရွာရှိ လမ်းမကြီးပေါ်တွင် ပစ်ကပ်ကားပေါ်၌လိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅ ဦး စက်တင်ဘာ ၁၉ ရက်နံနက်ပိုင်းက ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့နံနက် ၁၀ နာရီကျော်ခန့်က ထိုင်းနိုင်ငံ၊အမှတ် ၂၅ ခြေမြန်တပ်မှတပ်ဖွဲ့ဝင်များနှင့်ချွန်ဖော်ခရိုင်မှတာဝန်ရှိသူများသည် လန်စွန်မြို့၊နာခါကျေးရွာရှိ လမ်းမကြီးပေါ်တွင် ထိုင်းနိုင်ငံသားတစ်ဦးမောင်းနှင်လာသည့် ပစ်ကပ်ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

ကားပေါ်၌ ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံ၊ရခိုင်ပြည်နယ်မှလာရောက်သူ ၅ ဦးကို ဖမ်းဆီးရမိခဲ့ကာ ပွဲစားခအဖြစ် တစ်ဦးလျင် ဘတ် ၂၅၀၀၀ မှ ၂၈၀၀၀ အထိပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် တာဝန်ရှိသူများက သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းအပ်နှံခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here