မဟာအောင်မြေမြို့နယ်တွင် မီနီအိုးဝေမှ ဆိုင်ကယ်အားဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေး၊ ဆိုင်ကယ်မောင်းသူဒဏ်ရာရ

0
222

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊(၃၈) လမ်း၊ (၈၆) လမ်းနှင့် (၈၇) ကြားတွင် ယနေ့ စက်တင်ဘာ (၂၀) ရက် မွန်းလွဲ (၃) နာရီခွဲခန့်က မီနီအိုးဝေမှ အမျိုးသားတစ်ဦးမောင်းနှင်လာသည့် ဆိုင်ကယ်အား ဝင်တိုက်မိပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း မဏိစလလူမှုကူညီရေးအသင်း(မန္တ လေး)မှ သိရသည်။

“ဆိုင်ကယ်ကို ဝင်တိုက်ပြီးတော့ မီနီအိုးဝေက မောင်းပြေးသွားတယ်။ အခင်းဖြစ်တဲ့ နေရာနားမှာ နေတဲ့လူတစ်ယောက်က တိုက်သွားတဲ့ မီနီအိုးဝေရဲ့နံပတ်ကို ဓာတ်ပုံရိုက်ထားလိုက်နိုင်ပါတယ်။ တာဝန်ရှိတဲ့လူတွေက လိုအပ်တာဆက်ပြီး လုပ်ဆောင်နေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ဖြစ်စဥ်မှ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆိုင်ကယ်မောင်းသူအား မဏိစလလူမှုကူညီရေးအသင်း (မန္တလေး)မှ မြေပြင်ကုသမှုများ ပြုလုပ်ပေးပြီးနောက် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here