ရန်ကုန်လေဆိပ်အတွင်းသို့ ခရီးသည်လိုက်ပါပို့ဆောင်မည့်သူများအား ဝင်ရောက်ခွင့်ပြု

0
349

ပြည်တွင်း/ပြည်ပထွက်ခွာမည့် ခရီးသည်များအား လိုက်ပါပို့ဆောင်မည့်သူများကို ရန်ကုန်လေဆိပ်အတွင်းသို့ သတ်မှတ်ချက်များနှင့်အညီ ဝင်ရောက်ပို့ဆောင်ခွင့်ပြုလိုက်ပြီဟုသိရသည်။

ထိုသို့ ခွင့်ပြုရာ၌ ခရီးသည်လိုက်ပါပို့ဆောင်မည့်သူများသည် သတ်မှတ်နေရာတွင် ဝင်ခွင့်ကတ်ထုတ်ယူပြီးပါက စစ်ဆေးမှုခံယူပြီးလျင် Public Area ယာယီဝင်/ထွက်ခွင့်ကတ်ချိတ်ဆွဲပြီး ဂိတ် (၂)မှတဆင့် လေဆိပ်အတွင်းသို့ ဝင်ရောက်ရမည်ဖြစ်ပြီး ဂိတ်(၆)မှပြန်လည်ထွက်ခွာရမည်ဖြစ်သည်။

ခရီးသည်ပို့ဆောင်/ကြိုဆိုသူများအနေဖြင့် လေဆိပ် Public Area ယာယီဝင်/ထွက်ခွင့်ကတ်အား မှတ်ပုံတင်ပြသ၍အခကြေးငွေပေးဆောင်ရန်မလိုဘဲ ထုတ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ ယာယီဝင်/ထွက်ခွင့်ကတ်အား လေဆိပ် Terminal Public Area အတွင်း ခရီးသည်ကြိုဆို/ပို့ဆောင်စဥ် အမြဲတမ်းချိတ်ဆွဲထားရမည်ဖြစ်ကာ လေဆိပ်၏ လုံခြုံရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စည်းကမ်းများကိုလည်း လိုက်နာရမည်ဖြစ်သည်။

ယင်း ထုတ်ယူထားသည့် လေဆိပ် Public Area ယာယီဝင်/ထွက်ခွင့်ကတ်အား အလွဲသုံးစားပြုလုပ်ပါက ကတ်အားဖြုတ်သိမ်း၍ သက်ဆိုင်ရာမှ အရေးယူသွားမည်ဖြစ်ကာ ဂိတ်(၆)တွင် ကတ်အားပြန်လည်အပ်နှံပြီးမှသာ ထွက်ခွာရမည်ဖြစ်ကြောင်း သိရသည်။

Credit- CJ


LEAVE A REPLY

Please enter your comment!
Please enter your name here