တရုတ်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ အမြင်များကို မျှဝေဖလှယ်ခဲ့ကြ​သော(CABIS)တွင် မြန်မာကိုယ်စားလှယ်များပါဝင်

0
209

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ ၊ Grand Metropark Hotel တွင် ပြုလုပ်သည့် တရုတ်-အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြုပ်နှံမှု ထိပ်သီးအစည်း အဝေး(CABIS)၊ တရုတ် – အာဆီယံ စီးပွားရေး ခေါင်းဆောင်များ ပူးတွဲအစည်းအဝေးသို့ မြန်မာနိုင်ငံမှ တတ်ရောက်ခဲ့သည်။

အဆိုပါ တရုတ်-အာဆီယံ စီးပွားရေး နှင့် ရင်းနှီးမြုပ်နှံမှု ထိပ်သီးအစည်းအဝေး(CABIS)၊ တရုတ် – အာဆီယံ စီးပွားရေး ခေါင်းဆောင်များ ပူးတွဲအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊စက်တင်ဘာလ (၁၇)ရက်နေ့တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

” တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှု ထိပ်သီးအစည်းအဝေး(CABIS) သည် တရုတ်နိုင်ငံနှင့် အာဆီယံ ဒေသတွင်းနိုင်ငံများအကြား ပိုမိုကျယ်ပြန့်သော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဖော်ဆောင်ကြောင်း၊ ဒေသတွင်းနိုင်ငံများအကြား ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွင် အသေးစား၊အငယ်စား၊အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် ပါဝင်ရန် အခွင့်အလမ်းများ တိုးပွားလာစေရန်နှင့် စျေးကွက်သစ်များ ချဲ့ထွင်နိုင်ခြင်းတို့ကို ရရှိနိုင်ကြောင်း၊ ငွေကြေးလဲလှယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေး၊နည်းပညာစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာစေကြောင်း” UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် China Council for the Promotion of International Trade (CCPIT) ဥက္ကဋ္ဌ H.E Mr. Ren Hongbin က တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သော စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ကိုယ်စားလှယ်များသည် တရုတ်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ အမြင်များကို မျှဝေဖလှယ်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် အာဆီယံ ဒေသတွင်းနိုင်ငံများသည် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အတွင်းသာမက RCEP ဒေသဆိုင်ရာ အစီအစဉ်များနှင့်အညီ အကြီးမားဆုံးသော စျေးကွက်များကို ရှာဖွေရန်နှင့် အခွင့်အလမ်းများ ပိုမိုရရှိရန် ပူးပေါင်းလုပ်ဆောင်ရန် ၊ တရုတ် – အာဆီယံ စီးပွားရေးယန္တရားနှင့် ပလက်ဖောင်းကို ခိုင်မာအားကောင်းစေရန်၊ စီးပွားရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုအတွက် အသိပညာမျှဝေခြင်း၊ သုတေသနနှင့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here