ဘားအံတက္ကသိုလ်အနီး ယာဉ်တစ်စီးပက်လက်လှန်တိမ်းမှောက်မှုကြောင့် ၄ ဦးဒဏ်ရာရ

0
264

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဘားအံတက္ကသိုလ်အနီးတွင် ယနေ့စက်တင်ဘာလ ၂၁ ရက် နံနက်အ‌စောပိုင်းကယာဉ်တစ်စီးပက်လက်လှန်တိမ်းမှောက်မှုကြောင့် ၄ ဦးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဘားအံမြို့အမှတ် ( ၉ ) ရပ်ကွက်၊ မေတ္တာလမ်း၊ ဘားအံတက္ကသိုလ် ကျောင်းအနောက်ဘက်လမ်း၌ ယနေ့ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က Toyota Crown အမျိုးအစားကားတစ်စီး တိမ်းမှောက်ခဲ့သည့်အတွက်မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့ဘားအံ၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

“ဘားအံတက္ကသိုလ်အနောက်ဖက်ကလမ်းမှာဖြစ်သွားတာပါ ကားကပက်လက်လန်ပြီးမှောက်သွားတယ် ကားပေါ်မှာ အမျိုးသား ၂ ယောက်ကညပ်နေလို့ကယ်ထုတ်ခဲ့ရတယ် အမျိုးသား ၁ ယောက်နဲ့အမျိုးသမီး ၁ ယောက်ကတော့ ကားအပြင်ကိုရောက်နေတယ် ၄ ယောက်လုံးဒဏ်ရာရပါတယ်” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြော သည်။

” ကားကအရှိန်လွန်တိမ်းမှောက်ပြီး ပက်လက်ပါလန်သွားတာ၊ ကားခေါင်းခန်းက တော်တော်လေးကိုပျက်စီးသွားတယ်၊ ယာဉ်ပေါ်ပါလာသူတွေကိုလည်း ခက်ခက်ခဲခဲဆွဲထုတ်ကယ်တင်ခဲ့ရပါတယ်” ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါ၀င်သူတစ်ဦးကပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် ကားအတွင်း ညှပ်နေသောလူနာ ကျား (၂)ဦး၊ ကားအပြင်ရောက်နေသောလူနာ ကျား (၁)ဦး ၊ မ (၁)ဦး စုစုပေါင်းလူနာ (၄) ဦးအား လိုအပ်သည်များပြုစုပေးပြီးနောက် တောင်ကလေးစစ်ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Photo – MRO Hpa An


LEAVE A REPLY

Please enter your comment!
Please enter your name here